Logo

14 October 2020

Hello, Blog!

The first post

အရင်တုန်းကတော့ Blog ရေးဖို့စိတ်ကူးမရှိသလို စိတ်လည်းသိပ်မဝင်စားပါဘူး။ ဒါပေမဲ့ အခုတလော developer တွေရဲ့ Blog တွေဖတ်ရတာ သဘောကျနေတယ်။ အထူးသဖြင့်တော့ Basecamp ရဲ့ Signal v. noiseTailwind CSS ရဲ့ Blog နဲ့ ဆရာထိန်လင်းရွှေ(Saturngod) ရဲ့ Blog တွေပါပဲ။ Blog ရေးဖို့ဆုံးဖြတ်လိုက်တာ ဆရာထိန်လင်းရွှေ (Saturngod) ရဲ့ Blog ကြောင့်ဆိုလည်းမမှားဘူး။ သူ့ရဲ့ Blogက ကျောင်းသားဘဝ ကတည်းက ရေးတာဆိုတော့ အဲဒီအချိန်ကနေ အခုထိ ရခဲ့တဲ့အတွေ့အကြုံတွေ ၊ ပညာတွေ ၊ ပြောင်းလဲလာတဲ့အတွေးအခေါ်တွေကို မြင်ရတယ်။ ဆရာကိုယ်တိုင်လည်း သူ့ Blog posts တွေကသူ့ဘဝရဲ့ အစိတ်အပိုင်းလေးတွေပဲလို့ ပြောထားတယ်။ ကျွန်တော်လည်း အဲဒါကိုသဘောကျလို့ ရေးဖို့ဆုံးဖြတ်လိုက်တာပါ။ နောက်ထပ် ရေးဖြစ်ဖို့သေချာအောင်တွန်းအားပေးတဲ့ အရာကတော့ Tailwind creator Adam Wathan ရဲ့ ဒီ tweet ပါပဲ။

Blog ရေးရင်ကောင်းမယ်လို့စစဉ်းမိတော့ ဘာနဲ့ရေးရင်ကောင်းမလဲ အရင်တွေးဖြစ်တယ်။ အဲဒီမှာ Tailwind blog က Next.js နဲ့ရေးထားတယ်ဆိုတာ GitHub မှာတွေ့လိုက်တယ်။ ကိုယ်တိုင်က React ထက် Vue ကိုအားသန်တဲ့သူဖြစ်လို့ Next ရဲ့ Vue alternative Nuxt နဲ့ရေးဖို့ဆုံးဖြတ်လိုက်တယ်။ ရေးရတာတော့ ဘာမှမခက်ပါဘူး။ Nuxt က Documentation ဖတ် Tutorial လေးကြည့်ပြီး ရေးလိုက်တာ ဘာမှတောင်မကြာလိုက်ဘူး။ @nuxt/content ကလည်း Markdown အတွက် တော်တော်လေးအဆင်ပြေတယ်။ ကြာတာကတော့ Post ရေးပြီးတင်ရတာပဲ။ Google Keep မှာ ရေးထားတာ August လောက်ထဲက ၊ Format ချတာရယ် ၊ Links တွေထည့်တာရယ်ကို လုပ်မယ် လုပ်မယ် နဲ့ 3 လနီးပါးလောက်အကြာအခု October မှပဲတင်ဖြစ်တော့တယ်။

php
echo 'Hello, World!';